วันเสาร์ที่ 12 มีนาคม พ.ศ. 2559

Politics

ဒုက္ခသည်များ နယ်စပ်မှ ၀င်ရောက်မှု စနစ်တကျ ဖြေရှင်းရန် ဂျာမနီထောက်လှမ်းရေးအကြီးအကဲ တိုက်တွန်း

တစ်ခါတစ်ရံတွင် အစွန်းရောက်များသည် ပရမ်းပတာ ဖြစ်နေသော ရွှေ့ပြောင်းနေထိုင်သူ အခြေအနေကို အသုံးချနိုင်သည်ဟု ဂျာမနီထောက်လှမ်းရေး အကြီးအကဲက ပြောကြားပြီး ဂျာမနီနိုင်ငံသို့ နေ့စဉ် ထောင်နှင့်ချီ၍ ၀င်ရောက်နေသည့် ရွှေ့ပြောင်း နေထိုင်သူများ ကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် စနစ်တကျ စီစဉ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။
လူပေါင်း ၁၂၉ ဦးထက်မနည်း သေဆုံးခဲ့သည့် သောကြာနေ့က ဖြစ်ပွားသော ပါရီမြို့တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်များအား ကြိုဆိုမည့် ဂျာမနီအဓိပတိ အန်ဂျလာမာကယ်၏ အစီအစဉ်နှင့် ပတ်သက်၍ အချေအတင် ပြောဆိုမှုများ ဖြစ်ပေါ်လာသည်။
ထို့ပြင် ဂျာမနီနိုင်ငံသို့ ၀င်ရောက်လာသူများကို ပိုမိုကောင်းမွန်စွာ ကြီးကြပ်စိစစ်မည့် နည်းလမ်းများလည်း ရှာဖွေလာကြသည်။
ဥရောပတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဆိုးရွားဆုံး ဒုက္ခသည် ပြဿနာနှင့် ရင်ဆိုင်နေရစဉ် ဂျာမနီနိုင်ငံက ဒုက္ခသည် အများဆုံး လက်ခံထားပြီး ယခုနှစ်အတွင်း ဒုက္ခသည်တစ်သန်းခန့် ၀င်ရောက်လာမည်ဟု မျှော်လင့်ထားသည်။
ဒုက္ခသည်များနှင့် ရော၍ အကြမ်းဖက်သမားများ လိုက်ပါလာနိုင်သော်လည်း ဖြစ်နိုင်ခြေနည်းသည်ဟု မိမိတို့ တွေးထားကြောင်း ဂျာမနီပြည်တွင်းထောက်လှမ်းရေးဌာနများ အကြီးအကဲ ဟန်းစ်ဂျော့ခ်ျမာဆန်က ပြောသည်။
လုံခြုံရေးအာဏာပိုင်များအနေဖြင့် ဂျာမနီနိုင်ငံသို့ ၀င်ရောက်လာသူများနှင့် ပတ်သက်၍ စနစ်တကျ စီစဉ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရန် အရေးကြီးပြီး ခိုလှုံခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ရန် အရေးကြီးသည်ဟု ၎င်းက ပြောသည်။
တူရကီနိုင်ငံမှတစ်ဆင့် ဂျာမနီသို့ ၀င်ရောက်လာသော ရွှေ့ပြောင်းနေထိုင်သူများ လမ်းကြောင်းမှာ အန္တရာယ်များခြင်းကြောင့် တိုက်ခိုက်ရေးသမားများ ယင်းလမ်းမှ ၀င်လာနိုင်ခြေ နည်းပါးကြောင်း မာဆန်က ပြောသည်။
သို့သော် ဂျာမနီနိုင်ငံတွင် ရှိနှင့်ပြီးသား အစ္စလာမ်မစ် အစွန်းရောက်များက လူငယ်ရွှေ့ပြောင်း နေထိုင်သူများကို အကြမ်းဖက် တိုက်ခိုက်ရန် လူသစ်စုဆောင်းနိုင်သည်ဟု ၎င်းက ပြောသည်။
Share:

0 ความคิดเห็น:

แสดงความคิดเห็น